Monday, November 27, 2017


(Zawgyi Version)

ဒီမိုကေရစီ (Democracy)
  • ဒီမိုကေရစီစနစ္ဆိုသည္မွာ ျပည္သူက ျပည္သူကို အုပ္ခ်ဳပ္သည့္ ႏိုင္ငံေရးစနစ္ျဖစ္ပါသည္။ ဒီမိုကေရစီစနစ္အားလံုးလိုလိုတြင္ ျပည္သူ႕ကိုယ္စားျပဳ အစိုးရဟူေသာ အယူအဆကို အေျခခံ ထားေၾကာင္း ေတြ႕ရသည္။ ဆိုလိုသည္မွာ ျပည္သူလူထုအထဲမွ ေရြးခ်ယ္ခံထားရသူမ်ား အေနျဖင့္ ၄င္းတို႕ကို ေရြးခ်ယ္ထားသည့္ ျပည္သူတို႕၏ အက်ိဳးကို (အခ်ိန္အတိုင္းအတာတစ္ခုအထိ) ကိုယ္စားျပဳ ေဖာ္ေဆာင္ေပးျခင္းပင္ျဖစ္သည္ ဒီမိုကေရစီစနစ္တြင္ ေခါင္းေဆာင္ျဖစ္သူမ်ားအေနျဖင့္ ျပည္သူတို႕၏ ေထာက္ခံမႈကို မရရွိေတာ့ပါက ဥပေဒမ်ား၊ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ အာဏာမွ ဖယ္ရွားခံရမည္ျဖစ္သည္။
  • ဒီမိုကေရစီစနစ္အရ ႏိုင္ငံသားမ်ားသည္ မဲေပးျခင္း၊ ေရြးေကာက္ပြဲတြင္ ကိုယ္စားျပဳပါ၀င္ျခင္းႏွင့္ အျခားေသာ လုပ္ေဆာင္ခ်က္မ်ားမွတဆင့္ အစိုးရအတြင္း တက္တက္ၾကြၾကြပါ၀င္ႏိုင္ၾကမည္ ျဖစ္သည္။ အက်ိဳးဆက္အေနျဖင့္ ဒီမိုကေရစီကို မတူကြဲျပားသည့္ လူပုဂၢိဳလ္မ်ား၊ အစုအဖြဲ႕တို႕အၾကား ႏိုင္ငံေရးအာဏာအတြက္ လြတ္လပ္စြာ ယွဥ္ၿပိဳင္ႏိုင္မႈ ဟူ၍ သ႐ုပ္ေဖာ္ၾကသည္။ ထိုကဲ့သို႕ေသာ လြတ္လပ္စြာ ယွဥ္ၿပိဳင္ႏိုင္မႈကို ပံ့ပိုးေပးႏိုင္ရန္အတြက္ လြတ္လပ္စြာ ေျပာဆိုခြင့္၊ စည္း႐ံုးခြင့္၊ သတင္းထုတ္ေ၀ခြင့္ အစရွိသည့္ ပုဂၢိဳလ္ေရးဆိုင္ရာ လြတ္လပ္ခြင့္ႏွင့္ အခြင့္အေရးမ်ားကို ဒီမိုကေရစီ စနစ္က တန္ဖိုးထား အကာအကြယ္ေပးထားသည္။
ဆက္လက္ေဖာ္ျပပါမည္။

ကိုမ်ိဳးမင္း(ျမစ္ႀကီးနား)
ဖတ္မိသမွ် မွ်ေ၀ျခင္းသာ
27-Nov-2017
9:14 AM
------------------------------------------------------------------------------------------------------------------

(Unicode Version)

ဒီမိုကရေစီ (Democracy)
  • ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ပြည်သူကို အုပ်ချုပ်သည့် နိုင်ငံရေးစနစ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အားလုံးလိုလိုတွင် ပြည်သူ့ကိုယ်စားပြု အစိုးရဟူသော အယူအဆကို အခြေခံထားကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ ပြည်သူလူထုအထဲမှ ရွေးချယ်ခံထားရသူများအနေဖြင့် ၄င်းတို့ကို ရွေးချယ်ထားသည့် ပြည်သူတို့၏ အကျိုးကို (အချိန်အတိုင်းအတာတစ်ခုအထိ) ကိုယ်စားပြု ဖော်ဆောင်ပေးခြင်းပင်ဖြစ်သည် ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်ဖြစ်သူများအနေဖြင့် ပြည်သူတို့၏ ထောက်ခံမှုကို မရရှိတော့ပါက ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဏာမှ ဖယ်ရှားခံရမည်ဖြစ်သည်။
  • ဒီမိုကရေစီစနစ်အရ နိုင်ငံသားများသည် မဲပေးခြင်း၊ ရွေးကောက်ပွဲတွင် ကိုယ်စားပြုပါ၀င်ခြင်းနှင့် အခြားသော လုပ်ဆောင်ချက်များမှတဆင့် အစိုးရအတွင်း တက်တက်ကြွကြွပါ၀င်နိုင်ကြမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဒီမိုကရေစီကို မတူကွဲပြားသည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့တို့အကြား နိုင်ငံရေးအာဏာအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှု ဟူ၍ သရုပ်ဖော်ကြသည်။ ထိုကဲ့သို့သော လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ သတင်းထုတ်ဝေခွင့် အစရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ဒီမိုကရေစီ စနစ်က တန်ဖိုးထား အကာအကွယ်ပေးထားသည်။
ဆက်လက်ဖော်ပြပါမည်။

ကိုမျိုးမင်း(မြစ်ကြီးနား)
ဖတ်မိသမျှ မျှဝေခြင်းသာ
27-Nov-2017
9:14 AM

No comments: