Monday, November 27, 2017


(Zawgyi Version)

ဒီမိုကရေစီ (Democracy)
ဆက်လက်ဖော်ပြပါမည်။

27-Nov-2017
9:14 AM
------------------------------------------------------------------------------------------------------------------

(Unicode Version)

ဒီမိုကရစေီ (Democracy)
  • ဒီမိုကရေစီစနစ်ဆိုသည်မှာ ပြည်သူက ပြည်သူကို အုပ်ချုပ်သည့် နိုင်ငံရေးစနစ်ဖြစ်ပါသည်။ ဒီမိုကရေစီစနစ်အားလုံးလိုလိုတွင် ပြည်သူ့ကိုယ်စားပြု အစိုးရဟူသော အယူအဆကို အခြေခံထားကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ ပြည်သူလူထုအထဲမှ ရွေးချယ်ခံထားရသူများအနေဖြင့် ၄င်းတို့ကို ရွေးချယ်ထားသည့် ပြည်သူတို့၏ အကျိုးကို (အချိန်အတိုင်းအတာတစ်ခုအထိ) ကိုယ်စားပြု ဖော်ဆောင်ပေးခြင်းပင်ဖြစ်သည် ဒီမိုကရေစီစနစ်တွင် ခေါင်းဆောင်ဖြစ်သူများအနေဖြင့် ပြည်သူတို့၏ ထောက်ခံမှုကို မရရှိတော့ပါက ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အာဏာမှ ဖယ်ရှားခံရမည်ဖြစ်သည်။
  • ဒီမိုကရေစီစနစ်အရ နိုင်ငံသားများသည် မဲပေးခြင်း၊ ရွေးကောက်ပွဲတွင် ကိုယ်စားပြုပါ၀င်ခြင်းနှင့် အခြားသော လုပ်ဆောင်ချက်များမှတဆင့် အစိုးရအတွင်း တက်တက်ကြွကြွပါ၀င်နိုင်ကြမည် ဖြစ်သည်။ အကျိုးဆက်အနေဖြင့် ဒီမိုကရေစီကို မတူကွဲပြားသည့် လူပုဂ္ဂိုလ်များ၊ အစုအဖွဲ့တို့အကြား နိုင်ငံရေးအာဏာအတွက် လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှု ဟူ၍ သရုပ်ဖော်ကြသည်။ ထိုကဲ့သို့သော လွတ်လပ်စွာ ယှဉ်ပြိုင်နိုင်မှုကို ပံ့ပိုးပေးနိုင်ရန်အတွက် လွတ်လပ်စွာ ပြောဆိုခွင့်၊ စည်းရုံးခွင့်၊ သတင်းထုတ်ဝေခွင့် အစရှိသည့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်ခွင့်နှင့် အခွင့်အရေးများကို ဒီမိုကရေစီ စနစ်က တန်ဖိုးထား အကာအကွယ်ပေးထားသည်။
ဆက်လက်ဖော်ပြပါမည်။

ကိုမျိုးမင်း(မြစ်ကြီးနား)
ဖတ်မိသမျှ မျှဝေခြင်းသာ
27-Nov-2017
9:14 AM


 (Zawgyi Version)




27-Nov-2017

................................................................................................................................

(Unicode Version)


နိုင်ငံရေးဆိုသည်မှာ (Politics)

  •     နိုင်ငံရေးသိပ္ပံပညာရှင် ဟားရိုးလက်(စ်)၀ဲလ် (Harold Lasswell) က ''နိုင်ငံရေးဟူသည် မည်သူက မည်သည့်အရာကို၊ မည်သည့်အချိန်တွင်၊ မည်သို့ မည်ပုံ ပိုင်ဆိုင်သင့်သည်" (Politics is who gets what, when and how) ဟူသော သဘောတရားကို အခြေခံသည့် ဖြစ်စဉ်ဟု ဆိုထားပါသည်။
  •     သို့ရာတွင် လူ့အဖွဲ့အစည်းအတွင်း အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက် ချမှတ်ပုံ နည်းစနစ်များနှင့် ထိုဆုံးဖြတ်ချက်များ၏ နောက်ကွယ် အကြောင်းရင်းများနှင့် စပ်လျဉ်းပြီး သဘောထားအမြင်များ ကွဲပြားလျက်ရှိကြသည်။


ကိုမျိုးမင်း(မြစ်ကြီးနား)
ဖတ်မိသမျှ မျှဝေခြင်းသာ
27-Nov-2017
................................................................................................................................

Thursday, November 23, 2017

နည်းပညာဆိုင်ရာစာအုပ်(၂၈၇) အုပ်

နည်းပညာဆိုင်ရာစာအုပ်ပေါင်း (၂၈၇) အုပ်တိတိတင်ထားပေးပါတယ်ခင်ဗျ...
နှစ်သက်ရာ ဒေါင်းယူကြပါဗျာ....
ဒီမှာ ဒေါင်းလုပ်လင့်လေးပေးထားပါတယ်(https://myte.pcloud.com/publink/show…)
××××××××××××××××××××××××××××××××××××××××××××××××××
အားတဲ့အချိန်ထပ်တင်ပေးပါမယ်


အလွယ်တကူလေ့လာ ဖိုတိုရှော့ အခြေခံ

 အလွယ်တကူလေ့လာနိုင်တဲ့ ဖိုတိုရှော့သင်ခန်းစာလေးတွေပါ
သင်ခန်းစာအခန်းကဏ္ဍအလိုက် movies များ၊ pdf များ ပါဝင်ပါတယ်...
အခြေခံသမားတွေအတွက်တော့ တော်တော်ကြီး အသုံးဝင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်....
စိတ်ကြိုက်ဒေါင်းယူပါခင်ဗျာ.....
ဒေါင်းလုပ်လင့်ကတော့ ဒီမှာပါခင်ဗျ....

https://my.pcloud.com/publink/show?code=kZHG5AZRrDs8MoSRyjvEByykGlAK7owu4sV

 ဆက်လက်ဖော်ပြပါမည်



Wednesday, November 22, 2017

မီဒီယာတပ်ဦးစေလွှတ်မျက်နှာမူစေခြင်း

ဒီမိုကရေစီ ကျုံးသွင်းမှုကို
ဆန့်ကျင်သည့် မည်သည့်နိုင်ငံ
မည်သည့်ခေါင်းဆောင်ကိုမဆို
အာဏာရှင် ဟူသည့် စကားလုံးဖြင့်
မီဒီယာတပ်ဦးကိုစေလွှတ်မျက်နှာမူစေသည်… ။

ဆင်ခြင်ကြပါကုန်လော့

CSO များသည် ယခင်အစိုးရလက်ထက်တွင် တာဝန်ကျေပွန်ခဲ့သလောက်
လက်ရှိအစိုးရလက်ထက်၌ တာဝန်များ မကျေပွန်ခြင်းရဲ့ အဖြေကို ရှာဖွေကြည့်တဲ့အခါ CSOတွေမှာ ဘယ်လောကသားတွေ အများဆုံး စိမ့်ဝင်ပျံ့နှံ့နေသလဲဆိုတာ ရှုမြင်မိကြမှာပါ..။
ဘာဖြစ်ဖြစ် ၀ါးလုံးခေါင်းထဲ လသာနေခြင်းကို ဆင်ခြင်ကြပါကုန်လော့။